သုံးခွ ၁၅ မတ်

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လက်ပန်စံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီက ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် ဘုရားကြီး ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်လှလှကိုးက ကောလာဟလသတင်းများကို မယုံကြည်ကြရန်၊ တစ်ကိုယ်ရည်ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်၊ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးကြောရန်၊ အာဟာရပြည့်ဝစွာ စားသုံးပြီး ကောင်းစွာအနားယူ အိပ်စက်အနားယူရန်၊ လူထူထပ်သောနေရာများသို့ သွားလာခြင်း ရှောင်ကြဥ်ရန်၊ မျက်နှာစည်း အသုံးပြုပုံ ရှောင်ရန်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ကိုကျော်(သုံးခွ)