သုံးခွ   ဇူလိုင်   ၁၃

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးခွဖက်ကလစ်ရိုး သဘာ၀ ရေပြင်နှင့် အမှတ် ၉ ရပ်ကွက် ဥက္ကံတံတား(မှော်၀င်း‌ချောင်း)အတွင်း ယနေ့ နံနက် ၉ နာရီက ငါးသားပေါက်အကောင်ရေ(၆၀၀၀၀၀)ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ငါးမျိုးစိုက်ထည့်ရာတွင်‌ သုံးခွဖက်ကလစ်ရိုး သဘာ၀ရေပြင်တွင် (ထိုင်း)ငါးခုံးမ အကောင်ရေ (၃၀၀၀၀၀)နှင့် အမှတ်(၉)ရပ်ကွက် ဥက္ကံတံတား မှော်၀င်း‌ချောင်းအတွင်း ငါးမြစ်ချင်း ကောင်ရေ (၃၀၀၀၀၀) စုစုပေါင်း ငါးအကောင်ရေ(၆၀၀၀၀၀)အား ငါးသယံဇာတ မပြုန်းတီး ရေး၊ငါးရိက္ခာဖူလုံ‌စေရေး၊ ငါးစားသုံးမှုမြင့်မားလာ‌ စေရေးအတွက် ငါးမျိုးစိုက်ထည့် ပေးခဲ့ ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွဋ်၊ ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)