သုံးခွ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်ထောင်စုအစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မေ ၁၆ ရက် နံနက်ပိုင်းတွင် ကျေးရွာနှစ်ရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်ကိုကိုခိုင်နှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက သုံးခွအနောက်ကျေးရွာ၊ အောင်ဘုံသာကျေးရွာတို့မှ ပိုင်ရှင်ကိုးဦးတို့၏ နွား ၈၂ ကောင်ကို လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (သုံးခွ)


