သုံးခွ ၂၇ မေ

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သင်ရိုးသစ်၊ သင်ရိုးဟောင်း ကျောင်းသုံးပုံနှိပ်စာအုပ်များကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပညာရေးမှူးရုံးနှင့် အထက(၁)တို့၌ ဖြန့်ဝေပေးလျက်ရှိသည်။

 

202005

 

 

 သုံးခွမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၆)ကျောင်း၊  ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်း၊ သီလရှင်သင်ပညာရေးကျောင်း တစ်ကျောင်း စုစုပေါင်း ၁၅၂ ကျောင်းတို့မှ ကေဂျီတန်းမှ ဒဿမတန်းအထိ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဖွင့်ချိန်၌ အခမဲ့ လက်ဝယ်အရောက် ရရှိစေရေးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ဆဌမအကြိမ်မြောက်အဖြစ် သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် ကျောင်းတာဝန်ခံများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

၎င်းအပြင် ဆရာလမ်းညွှန် သင်ရိုးသစ်စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်း၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များကိုလည်း ဆရာဆရာမများအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကိုကျော်(သုံးခွ)