သုံးခွ ၁၃ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်း၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လူရည်ချွန်စာမေးပွဲတွင် အဋ္ဌမတန်း ကျောင်းသား ၁၆ ဦး၊ ကျောင်းသူ ၁၆ ဦး၊ နဝမတန်း ကျောင်းသား ၇ ဦး၊ ကျောင်းသူ ၇ ဦး၊ ဒသမတန်း ကျောင်းသား ၆ ဦး၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၉)ဦးတို့က ဝင်ရောက်ဖြေဆိုကြပြီး ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လက်တွေ့နှုတ်ဖြေနှင့် ကြံ့ခိုင်စွမ်းရည်တို့ကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့၌ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင်လည်း ယနေ့ နံနက် ၉ နာရီတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေး စာမေးပွဲကို အ.ထ.က(၂)ကျောင်း၌ မြို့နယ်ကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး၊ နဝမတန်း ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးနှင့် ဒသမတန်း ကျောင်းသား။ ကျောင်းသူ (၁၂)ဦး ဖြေဆိုကြောင်း သိရသည်။
ပြန်/ဆက်