သုံးခွ၊ ၂၆ မေ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၆ ရက် နံနက် ၉ နာရီက အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ကျောင်းနေရွယ်ကလေးများ ကျောင်းနေရေး လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဗိုလ်မှူး သန့်ဇော်လင်းနှင့် တာ၀န်ရှိသူများ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာများက လက်ခံရယူခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
စည်သူလင်း (ပြန်/ဆက်)


