သုံးခွ နို၀င်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာ စုရပ်များအလိုက် နိုဝင်ဘာ ၁၂ ရက် နံနက် ၉နာရီအချိန်က ရပ်ကွက်/ကျေးရွာများတွင် တစ်ပြိုင်နက်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊  အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော  လုပ်ငန်းလုပ်ကိုင်သူများ ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းသူများအား ထိုးနှံပေးကြောင်းသိရသည်။  

အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အားကစားခန်းမခြင်းလုံးရုံနှင့် သက်မှတ် ဆေးထိုးစုရပ်ဖြစ်သည့် ကျေးရွာများတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ နံနက်(၉)နာရီမှစ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Sinopharm )နှစ်ကြိမ်အပြည့်ထိုးနှံပြီး သူ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွား(၆၂၇၀)ဦး၊ အသက် ၅၅နှစ်အထက် (၁၇၃၀၃ )ဦး နှင့် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အား စက်မှုဇုန် ပြင်ပ အလုပ်သမား( ၁၃၂၆)ဦး တို့အား ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

စည်သူလင်း (သုံးခွ ပြန်/ဆက်)