သုံးခွ ၂၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့အမှတ်(၇)ရပ်ကွက် လေးကျွန်းမာရ်အောင် ဘုရားတန်ဆောင်းတွင် ဇွန် ၂၅ ရက် နံနက် ၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဖွဲ့က မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် မပြုလုပ်ရသေးသူများ အဆင်ပြေစေရေးအတွက် ကွင်းဆင်း၍ နေ့ချင်းပြီး ပြုလုပ်ပေးကြောင်း သိရှိရသည်။
လိုင်စင်မပြုလုပ်သေးခင်တွင် ယာဉ်မောင်းလိုင်စင် လာရောက်ပြုလုပ်သူများအား ယာဉ်မောင်းလိုင်စင်အကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိသင့်သိထိုက်သည်များကို တာဝန်ရှိသူများက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ဓာတ်ပုံသုံးပုံ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူနှင့်အတူ ကညနသို့ ငွေကျပ် ၁၉၀ဝ၀ နှင့် အာမခံကြေးငွေ ၅၀ဝ၀ ကျပ် စုစုပေါင်း၂၄၀ဝ၀ ကျပ် ပေးသွင်းရကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)


