သုံးခွ ၁၅  ဇန်နဝါရီ


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူကုန်ဆေးကျွေးခြင်းလုပ်ငန်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဇော်ထက်က သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ 

 

ာိည


ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းက "သက္ကရာဇ် ၂၀၂၀ တွင် မြန်မာနိုင်ငံမှာ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး" ရည်မှန်းချက် အောင်မြင်စေရန် ပြည်သူလူထုအနေဖြင့် သန်ချဆေးပေါင်းကို ယုံယုံကြည်ကြည် သောက်သုံးကြစေလိုကြောင်းနှင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး၊ လူကုန်ဆေးကျွေးခြင်းလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ 


ဆက်လက်၍ တက်ရောက်  လာသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ သုံးခွ မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၁၀၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 စည်သူလင်း  (ပြန်/ဆက်)

 

ာိည