သုံးခွ ၁၀ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဉတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေး၊ ထင်းသုံးစွဲမှု လျှော့ချနိုင်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်စေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၉ ရက်က ကပတုပ်ကျေးရွာအုပ်စု ပျဉ်းမပင်ကျေးရွာ၊ အဖောင်ကျေးရွာအုပ်စုအဖောင်နှင့် စားဘိုစုကျေးရွာ၌ စွမ်းအားမြှင့် မီးဖိုများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ ကျေးရွာ ၃၃ ရွာသို့(ပထမ)အကြိမ်အဖြစ် မီးဖို အလုံးရေ ၄၈၆၀ အား ကျေးရွာအရောက် ဖြန့်ဖြူးပေးမည်ဖြစ်ရာ မီးဖို လုံးရေ ၄၈၂၀ အား သုံးစွဲသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဖြူးပေးပြီးဖြစ်ပြီး ပုလဲကျေးရွာအုပ်စု အုန်းနှဲကန်ကျေးရွာ၌ အလုံး ၄၀ သာပေးရန် ကျန်တော့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင်အောင်၏ ပြောပြချက်အရ သိရသည်။
ကိုကျော်(သုံးခွ)