သုံးခွ၊ ၁၀ ဇွန်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း တာဝန်ထမ်းဆောင်မည့် Volunteer များအား သင်တန်းပေးခြင်း အခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုး ကအဖွင့်အမှာစကားပြာကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းက COVlD-19 ကာလအတွင်း တာဝန်ထမ်းဆောင်ကြမည့် Volunteer (စေတနာ့ဝန်ထမ်း)များအား သင်တန်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် သူနာပြုအဆင့်(၁) ဒေါ်နော်ဖောမူနာနှင့် ဦးကောင်းဆက်နိုင် ကြီးကြပ်(၁)တို့က PPEဝတ်စုံ ဝတ်ဆင်နည်း၊ ချွတ်ပုံချွတ်နည်းတို့ကို လက်တွေ့သရုပ်ပြသ ခဲ့သည်။ ထို့နောက် ဦးအောင်ဇော်ထက် ကျန်းမာရေးမှူးအဆင့်(၁)က COVlD-19 ကာလအတွင်း တာဝန်ထမ်းဆောင်မည့် Volunteer များအား COVlD-19 မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်အကြောင်း သိကောင်း စရာများနှင့်၊ Volunteer များ တာဝန်ထမ်းဆောင်ရာတွင် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ပိုးသတ်ဆေးအား အချိုးအစား မှန်ကန်စွာဖျော်စပ်ပုံ ဖျော်စပ်နည်း၊ သိသင့်သိထိုက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာကြသည့်သူများ volunteer ၏ ဆွေးနွေးမေးမြန်းမူများများကို တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ volunteer ၄၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


