သုံးခွ အောက်တိုဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက်သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ မသန်စွမ်းသူများ၊ ဈေးသည်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် အားကစားခန်းမဝင်း အတွင်းရှိ ခြင်းလုံးရုံတွင် ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ မသန်စွမ်းသူများ၊ ဈေးသည်များ၊ ဆိုက်ကားသမားများ၊ ဆိုင်ကယ် ကယ်ရီသမားများနှင့် ကားမောင်းသူနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်းအောက်စီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး(၁၀၀၀)လုံးကို ဆေးတစ်လုံးလျှင် လူဦးရေ (၅)ဦးနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)