သုံးခွ ၂၅ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့် မြို့ပေါ်ရပ်ကွက်များအား ယနေ့နံနက်ပိုင်းက သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေဖြန့်ဝေပေးရာတွင် ရေဂါလန်(၇၀၀၀)အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် ၂ စီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေသယ်ယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် အမှတ်(၉)ရပ်ကွက်ရှိ ပြည်သူများနှင့် အမှတ်(၇)ရပ်ကွက်ရှိ ပြည်သူများကို သောက်သုံးရေများ ဖြန့်ဝေပေးခဲ့သည်။
သုံးခွမြို့နယ်အတွင်း နွေရာသီအပူချိန်မြင့်တက်လာမူနှင့်အတူ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေ ရပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


