သုံးခွမြို့နယ်တွင် ထင်းမီးဖို မီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ် လေးလုံး မီးလောင်

သုံးခွ ၁၉ ဖေဖော်ဝါရီ


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဆယ်ရွာကျေးရွာမြောက်ဖျားပိုင်းတွင် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က ဒေါ်နုနုဝင်း(၄၂)နှစ်နေသူ၏ နေအိမ် မီးဖိုချောင် ထင်းမီးဖိုမီးကြွင်း မီးကျန် မှတစ်ဆင့် နေအိမ် လေးလုံး မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

123


မီးလောင်ရာသို့ မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ တံတားမြို့နှင့် သန်လျင်မြို့တို့မှ မီးသတ်ယာဉ် တစ်စီးစီ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားခဲ့သည်။ 

 

123


မီးလောင်မှုကြောင့် ဒေါ်နုနုဝင်း နေအိမ်စပါးကျီ ငါးခန်းတွဲပေ (၇၀ x ၃၀)၊ ထနိမိုးထရံကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံး၊ ဒေါ်နုနုဝင်းနေအိမ် ဝဲဘက်ဘေး ခြံဝင်းထဲရှိ မိသားစုသုံးစု နေထိုင်သော ဦးထွန်းသိန်း၏ သွပ်မိုး၊ အုတ်ညှပ်၁၄ x ၁၅ နေအိမ်၊ ဦးချစ်ဟန်၏ (၁၀ x ၁၀) ပေ ဓနိမိုး ထရံကာ နေအိမ်နှင့် ဦးဆန်းနိုင်၏ (၁၃ x ၁၄)ပေ သွပ်မိုးပျဉ်ကာနေအိမ် စုစုပေါင်း နေအိမ် လေးလုံးတို့ မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။


ကိုကျော်(သုံးခွ)

 

123