သုံးခွ ၁၃ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်းကာ ယမန်နေ့ ညနေပိုင်းက အလှူငွေနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ နှင့် တာ၀န်ရှိသူများက မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၉)စုတို့ကို အခြေခံစား သောက်ကုန်ပစ္စည်းငါးမျိုးတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြပြီး အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှင့် ဆန်(၈)ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ခြောက်ဆွဲခြောက် (၁)ဖာ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


