သုံးခွ ဇူလိုင် ၁၉
ရန်ကုန်တိုင်း ဒေသကြီး၊သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း၌ လူနာများနှင့် အောက်စီဂျင် အသုံးပြု နေရသူများ၊ အောက်စီဂျင်လိုအပ်ချက်များပြားလာသဖြင့် အရေးပေါ်လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန် အောက်စီဂျင်ထုတ်စက်ရုံ တစ်ရုံတည်ဆောက်မည်ဟုသိရှိရသည်။
အဆိုပါစက်ရုံအား သုံးခွ-သန်လျင်ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ (ရဲနွဲ့တာအနီး) ၄ဒသမ၉၄ဧကရှိ ဘိုးဘွားရိပ်သာ၌ တည်ဆောက်မည်ဖြစ်ကာ ဦးအုန်းဆိုင်မိသားစုNew Golden Gate(ခေတ်သစ်)ပွဲရုံ၊ ခရမ်းမြို့နှင့် ဦးကျော်၀င်းBright Light( လင်းလက်)ပဲမျိုးစုံ ရောင်းဝယ်ရေး၊ ကုမ္ပဏီမိသားစု၊ကြက်တံဆိပ်မုန့်ဆိုင်မိသားစု၊သုံးခွမြို့တို့က လိုအပ်လျက်နေသော ငွေကျပ် သိန်း ၉၀၀ ကျော် တန်ဖိုးရှိ အောက်စီဂျင်စက် အားလှူဒါန်းရန် တရုတ်နိုင်ငံမှဝယ်ယူပြီးဖြစ်ကာ သြဂုတ်လတွင်ရောက်ရှိမည် ဖြစ်ကြောင်းသိရှိရသည်။
ဘိုးဘွားရိပ်သာတွင်၃၁၅ ကေဗွီ အေထရန်စဖော်မာတစ်လုံး တပ်ဆင်ရန်လုပ်ငန််းဆောင်ရွက်လျက်ရှိပြီ းအောက်စီဂျင်ထုတ်စက်ထားရန် အဆောက်အဦအတွက် ရန်ကုန်မြို့ဦးဆာသရား - ဒေါ်လာလီသာ မိသားစု၊ ရတနာတောင် ကုမ္ပဏီလီမိတက်မှ တစ်ဦးတည်းလှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


