သုံးခွ  ၁ နိုဝင်ဘာ 

ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် ဆောင်ရွက်မူအသိပညာပေးဟောပြောခြင်းကို အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ေ

 

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းက အသက် ၉ လမှ ၅ နှစ်ခွဲအရွယ်အထိ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကို နိုဝင်ဘာ ၂၆၊၂၇၊၂၈ ရက်နေ့တို့တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန နှင့်ဌာနခွဲများတွင်  ထိုးနှံပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

စည်သူလင်း( ပြန်/ဆက်)