သုံးခွ၊   ၃   ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဆိုင်အသစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒီဇင်ဘာ  ၂  ရက် နံနက် ၉ နာရီက   ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း  သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးသော ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရှိ/မရှိ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြများကို တရားမဝင် မှတ်ပုံမတင်ထားသော ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ပိုးသတ်ဆေးများ ရောင်းချရာတွင် ဘေးန္တရာယ်မဖြစ်စေရန် စနစ်တကျ ထုပ်ပိုးရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဥပဒေ၊ နည်းဥပဒေအကြောင်း သိသင့် သိထိုက်သည်များကိုလည်းကောင်း၊ သက်ဆိုင်ရာမှ ညွှန်ကြားချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချသော ဆိုင်အသစ်ပိုင်ရှင်များအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)