သုံးခွ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဦးကျင်တိုးလွင် (စိန်မှန်ကားမှန်ရောင်းဝယ်ရေး)မိသားစုနှင့် ရန်ကုန်မြို့နေ ဦးရာစူးမိသားစုတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း သုံးခွမြို့ အမှတ်(၈/၉/၁၀)ရပ်ကွက်များအတွင်းရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စု(၁၉၃၅)စုအား စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အတွင်း အိမ်ထောင်စုတစ်ခုလျှင် ဆန်နှစ်ပြည်စီ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား အမှတ်၉ရပ်ကွက်တိုက်တန်းလျားရှိ မေတ္တာစုန်ရေ လူမှုကူညီရေး အသင်းမှ ဥက္ကဋ္ဌ ဦးနေလင်း ဦးဆောင်သောအဖွဲ့က လုပ်အားဒါနပြု ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလှူရှင်ဦးကျင်တိုးလွင်နှင့်ဦးရာစူးမိသားစုတို့က စက်တင်ဘာ၉ရက်တွင် အမှတ်၃ရပ်ကွက်မှ နွမ်းပါးအိမ်ထောင်စု ၄၀၀အား ဆန်လေးပြည်စီလှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကျော် (သုံးခွ)