၁ ဇွန်
တိုကျိုမြို့ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများကို တနင်္လာနေ့တွင် သုံးလအတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။
တိုကျို မစ်တာကာမြို့ရှိ ဟီဂတ်စ်ဒိုင် မူလတန်းကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်ရန် အတန်းတစ်တန်းစီမှ ကျောင်းသားများကို အုပ်စုနှစ်စုခွဲထားသည်။
တိုကျိုမြို့ရှိ အစိုးရမူလတန်းနှင့် အထက်တန်းကျောင်း ၁၈၀ဝ ကျော်သည် တနင်္လာနေ့တွင် နွေဦးရာသီကို ပြန်လည် စတင်လိုက်သည်။
ဟီဂတ်စ်ဒိုင် မူလတန်းကျောင်းအုပ် ယာမာချီတာ ဟီယိုချီ က ကလေးများ စာသင်ကျောင်းသို့ ပြန်လာတက်သည်ကို စိတ်လှုပ်ရှားမိသည်ဟု ဆိုသည်။
အထူးသဖြင့် ဒုတိယ၊ တတိယ ကူးစက်လှိုင်းများ ရှိလာပါက ဘေးကင်းရေးကို ဦးစားပေးကာ စာသင်ချိန်များကို အစားပြန်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို