၃ မေ

 

ဗင်နီဇွဲလားနိုင်ငံတွင်းက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ၃ လရှိနေပြီဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် ဝမ်ဂွိုက်ဒို က သူဟာ စင်ပြိုင် သမ္မတဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ကြေညာခဲ့ပြီး သမ္မတ နီကိုလပ်မာဒူရိုကို ဖြုတ်ချဖို့ သန္တိဋ္ဌာန်ချခဲ့ပါတယ်။
 
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ နေ့မှာကျင့်ပခဲ့တဲ့ ဗင်နီဇွဲလားရွေးကောက်ပွဲမှာ အတိုက်ခံပါတီက သပိတ်မှောက်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။ ရွေးကောက်ပွဲမှာ မာဒူရိုအနိုင်ရရှိပြီး သမ္မတသက်တမ်းကို ဒုတိယအကြိမ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အမေရိကနိုင်ငံများအဖွဲ့ကလည်း အသိအမှတ်မပြုခဲ့ကြပါဘူး။ 

 

mdn

 

စင်ပြိုင်သမ္မတအဖြစ်ကြေညာခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ဂွိုက်ဒိုဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဂွိုက်ဒိုက သူ့ရဲ့ စင်ပြိုင်အစိုးရကနေ မာဒူရိုအစိုးရကို ဖြုတ်ချပြီး လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေမယ်လို့ ကတိပေးထားပါတယ်။ ဂွိုက်ဒိုကို အမေရိကန်၊ ကနေဒါနဲ့ လက်တင်အမေရိကနိုင်ငံတွေက စင်ပြိုင်သမ္မတအဖြစ် ချက်ချင်း အသိအမှတ်ပြုခဲ့ကြပါတယ်။
 
မာဒူရိုအစိုးရကို တရုတ်၊ရုရှား၊ တူရကီ ၊ မက္ကဆီကိုနဲ့ ကျူးဘားနိုင်ငံတွေက ထောက်ခံမှုပေးခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဥရောပ ၆ နိုင်ငံက မာဒူရို ရွေးကောက်ပွဲအသစ် မကျင်းပပေးလျှင် ဂွိုက်ဒိုကို ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်။ 

 

mdn

 

အမေရိကန်နိုင်ငံက ဇန်နဝါရီ လကုန်ပိုင်းမှာ ဗင်နီဇွဲလားအစိုးရပိုင် ရေနံကုမ္ပဏီ PDVSA ကို ပိတ်ဆို့ပြီး နိုင်ငံပိုင်ဘဏ်စာရင်းကို ဂွိုက်ဒိုအား လွဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဗင်နီဇွဲလား တရားရုံးက ဂွိုက်ဒိုကို နိုင်ငံအပြင်ထွက် ခွင့်မပေးသလို သူ့ရဲ့ ဘဏ်စာရင်းကို ပိတ်ပင်လိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဂွိုက်ဒိုဦးဆောင်ပြီး ဗင်နီဇွဲလားစစ်တပ်ကို မာဒူရိုအား မထောက်ခံရန် တောင်းဆိုပြီး ထောင်ချီတဲ့ လူများပါဝင်တဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၄ -  နောက်ထပ် ဥရောပနိုင်ငံ ၂၀ က ဂွိုက်ဒိုကို သမ္မတ အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ 

 

ဖေဖော်ဝါရီ ၇ -  အမေရိကန်နိုင်ငံရဲ့ လူသာချင်းဆိုင်ရာ အကူအညီတွေဟာ ကိုလံဘီယာ နယ်စပ်ရှိ တီအန်ဒီးတက် နယ်စပ်တံတားပေါ်ကို ရောက်ရှိလာရာ ဗင်နီဇွဲလားစစ်တပ်က အကူအညီတွေ ဝင်ခွင့်မပေးဘဲ ပိတ်ထားခဲ့ပါတယ်။ 

 

ဖေဖော်ဝါရီ ၁၆ - အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုက သူ့ကိုထောက်ခံသူတွေအကူအညီနဲ့ လူသားခြင်းဆိုင်ရာ အကူအညီပစ္စည်းတွေကို နယ်စပ်နိုင်ငံတွေဖြစ်တဲ့ ကိုလံဘီယာ၊ ဘရာဇီး နဲ့ ဒတ်ချ်ကျွန်း ဖြစ်တဲ့ ကျူရာကာအို ဘက်ကနေ နိုင်ငံတွင်းကို သယ်ယူမယ်လို့ပြောပါတယ်။ 

 

mdn

 

ဖေဖော်ဝါရီ ၂၁ - သမ္မတ မာဒူရိုက ဘရာဇီး နယ်စပ်နဲ့ ဒတ်ချ်ကျွန်း ဖြစ်တဲ့ ကျူရာကာအို ရေလမ်းကြောင်းတွေပါ ပိတ်ဆို့လိုက်ပါတယ်။ 

 

ဖေဖော်ဝါရီ ၂၂- ရုရှားက အမေရိကန်က အကူအညီပစ္စည်းပေးပို့တယ်ဆိုပြီး စစ်ရေးပြင်ဆင်တာလို့ ရုရှားက စွပ်စွဲပြီး ဂျုံ နဲ့ ဆေးဝါးဆိုင်ရာ အကူအညီတွေ ကို ပို့ပေးလိုက်ပါတယ်။ အရင်ကလည်း အကူအညီ ၇ ဒသမ ၅ တန်ကို ပို့ပေးပြီးဖြစ်ပါတယ်။ 

 

ဖေဖော်ဝါရီ ၂၃ - စင်ပြိုင်သမ္မတ ဂွိုက်ဒိုက ဗင်နီဇွဲလားစစ်သားတွေ အကူအညီနဲ့ နိုင်ငံ့ပြင်ပကို ထွက်ခွာပြီး ကိုလံဘီယာနယ်စပ်မှာ ကျင်းပတဲ့ ဗြိတိန် ဘီလျံနာ ရစ်ချက် ဘရန်ဆင် က ဦးဆောင်တဲ့ အကူအညီဆွေးနွေးပွဲကို တက်ရောက်ခဲ့သလို၊ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ် အပါအဝင် သူ့ကို ထောက်ခံတဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေးနဲ့ အက်ကွေဒေါ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

မတ် ၄- ဂွိုက်ဒို  နိုင်ငံကို ပြန်ရောက်ခဲ့ပါတယ်။ 

မတ် ၇ - ဗင်နီဇွဲလားနိုင်ငံတစ်ဝှမ်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေရာက်နေ ၅ ရက်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အစားအစာ နဲ့ ရေပြတ်မှုတွေ ရင်ဆိုင်ရသလို သယ်ယူပို့ဆောင်ရေးနဲ့ ဆေးရုံများမှာလည်း  အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ 

 

mdn

 

မတ် ၂၄ - ရုရှားစစ်လေယာဉ်နှစ်စင်းက စစ်သား ၁၀ဝ လောက်နဲ့ စစ်လက်နက် ၃၅ တင်ဆောင်ပြီး ရောက်ရှိခဲ့ပါတယ်။ 

 

ဧပြီ ၃၀ - ဂွိုက်ဒိုဟာ သူ့ကို ထောက်ခံတဲ့ သတ္တိရှိတဲ့ စစ်သားတွေရှိကြောင်း ကာရာကတ်လေတပ်စခန်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲ လွှင့်ထုတ်လိုက်ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ယူနီဖောင်းဝတ်ဆင်ထားတဲ့ အမျိုးသားတစ်စု နဲ့ မာဒူရိုအစိုးရက နေအိမ်အကျယ်ချုပ် ချထားတဲ့ အတိုက်ခံခေါင်းဆောင် လီရိုပိုဒို လိုပက်စ် ပါ ပါဝင်တာကို တွေ့ရပါတယ်။ အတိုက်ခံခေါင်းဆောင် လီရိုပိုဒို လိုပက်စ်ကို စစ်သားတွေက လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ 

 

အာဏာသိမ်းယူဖို့ ကြိုးစားခဲ့ကြောင်း မာဒူရိုအစိုးရကပြောပါတယ်။ မြို့တော် ကာရာကတ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ၆၉ ဦး ဒဏ်ရာရှိခဲ့ပါတယ်။ 

 

မေ ၁ ၊ ၂ - ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားရာ အစိုးရရဲ့ ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ရာ ၂ ဦးမှာ ၁၄ နှစ်၊ ၁၆ နှစ်အရွယ် ကလေးသူငယ်တွေပါဝင်ကြောင်း ၊ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNICEF က ပြောပါတယ်။ 

 

MDN
ကိုးကား - AFP