ကျောင်းကုန်း အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံ၌ သုံးမြွှာပူးမွေးဖွားသော မိခင်အား ယနေ့ မွန်းလွဲပိုင်းက အဝတ်အစားများ၊ အသုံးအဆောင်နှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။
ကျန်းမာရေးကောင်းမွန် အဆိုပါ သုံးမြွှာပူးကလေးများကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းကအောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ရာ ကျားတစ်ဦးနှင့် မနှစ်ဦးဖြစ်သည်။ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များက အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဦးဉာဏ်လင်းဦးဒေါ်မာမာင် (မန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်ငါးသောင်း၊ ဦးကျော်သန်း -ဒေါ်ခင်ခင်ကျော့ (ကေဇော်စက်ပစ္စည်းအပိုင်)ကငွေကျပ်ငါးသောင်းတို့ကိုလည်း ထပ်မံလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)