နေပြည်တော် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဖားချောင်း-မြန်မာရှင်ထဘီ ကျေးရွာချင်းဆက်လမ်း ၆/၀မိုင်ပေါ်တွင် (ဒေသအခေါ်) သုံးမိုင်ချောင်းကူး ပေ ၆၀ သံကူကွန်ကရစ် တံတား ၁ စင်းနှင့် ဒူးတောင်-ဆန်းချီ(အနောက်)-မြန်မာရှင်ထဘီကျေးရွာချင်းဆက်လမ်း ၆/၅ မိုင် ပေါ်တွင် ပေ ၄၀ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေ ကျပ် ၁၁၈ ဒသမ ၅၂၂ သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အမှန်တကယ်လိုအပ်သည့် သံကူကွန်ကရစ်တံတား ၁စင်း တည်ဆောက်ပေးခဲ့မှုကြောင့် ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၄၇၆ အိမ်၊ လူဦးရေး ၂၆၃၁ ဦးအတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည်အပြင် စီးပွါးရေး၊ ကျန်းမာရေး ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)