ရန်ကုန် ၁၉ စက်တင်ဘာ
၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် ကျင်းပသည့် သုံးပွင့်ဆိုင်လူရွေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက ဗဟန်းမြက်ခင်းတုကွင်း၌ စတင်ကျင်းပသည်။
ပထမနေ့အဖြစ် (က) အသင်းနှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားရာ (ခ) အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ (က) အသင်းတွင် ဂိုး-ဇူးလတ်နဒီ၊ နောက်တန်း-နန့်ဇူးဇူးထက်၊ ခင်သန်းဝေ၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ အလယ်တန်း-သင်းသင်းယု၊ ဝင်းဝင်း၊ မေသူကျော်၊ လဲ့လဲ့လှိုင်၊ ဆွေမာအောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ (ခ) အသင်းတွင် ဂိုး-မေဇင်နွယ်၊ နောက်တန်း-အေးအေးမိုး၊ ခင်မျိုးဝင်း၊ ဝေဝေအောင်၊ မေသက်မွန်မြင့်၊ အလယ်တန်း-ပုံ့ပုံ့ပြည့်မောင်၊ ငယ်ငယ်ထွေး၊ မြတ်နိုးခင်၊ နွယ်နီဝင်း၊ ခင်မိုးဝေ၊ ရှေ့တန်း-စန်းသော်သော်တို့ ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်းတွင် (က) အသင်း၌ ခင်မာလာထွန်းနှင့် ခင်မိုမိုထွန်းတို့ လူစားလဲကစားခဲ့သည်။ (ခ) အသင်းအတွက် အနိုင်ဂိုးများကို နွယ်နီဝင်းက နှစ်ဂိုး၊ စန်းသော်သော်နှင့် ခင်မိုးဝေတို့က တစ်ဂိုးစီသွင်းယူခဲ့ကာ (က) အသင်းအတွက် ချေပဂိုးတစ်ဂိုးကို နန့်ဇူးဇူးထက်က သွင်းယူခဲ့သည်။
သုံးပွင့်ဆိုင်လူရွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ပြီး (က) အသင်းနှင့် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း