တိုကျို ဖေဖော်ဝါရီ ၃

 

ဂျပန်၊ အမေရိကန်ပြည်ထောင်စု နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အဆင့်မြင့် သံတမန်များက မြောက်ကိုရီးယား နျူကလီးယား ကင်းစင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်အညီ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုရီတာကေအို၊ အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမင်န်နှင့် တောင်ကိုရီးယား ပထမလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ချိုင်ဂျွန်ကန်တို့တစ်ဦး နှင့်တစ်ဦး ဖုန်းဖြင့် ဖေဖော်ဝါရီ ၂ ရက်က တစ်နာရီခန့် ပြောဆို ဆွေးနွေးခဲ့သည်။

 

၎င်းတို့သည် မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့အပြင် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများနှင့် နျူကလီးယား အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း အမြင်ချင်း မျှဝေခဲ့ကြသည်။၎င်းတို့သည် ဒေသတွင်း ခြိမ်းခြောက် ဟန့်တားမှုများကိုပူးပေါင်းဆောင်ရွက် ဖြေရှင်းရန်လည်း သဘောတူခဲ့ပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားအရေး ဖော်ပြခဲ့ပြီး ပြုံယမ်းကို နျူကလီးယား လုံးဝကင်းစင်သွားရန် သံတမန်ရေးဆိုင်ရာ ကြိုးစားလုပ်ဆောင်သွားရန်လည်း အပူတပြင်းလုပ်ဆောင် လျက်ရှိသည်။ ထို့အပြင် သုံးဦးဆိုင် သံတမန်များသည် ယူကရိန်းအရေးနှင့် ကိုရိုနာဗိုင်းရပ်စ် အရေးများကိုလည်း ဆွေးနွေးခဲ့ကြပြီး ချောမွေ့သော ဆက်ဆံရေးကို ထိန်းသိမ်းသွားရန်လည်း အတည်ပြုခဲ့သည်။

 

အင်န်အိတ်ချ်ကေ