၈ ဇွန်
နယူးဇီလန်နိုင်ငံမှာ လာမယ့်ရုံးပိတ်ရမှာ ကျင်းပမယ့် Super Rugby ပွဲစဉ်တွေမှာ ပရိသတ်တွေ လွတ်လွတ်လပ်လပ် လာရောက်ကြည့်ရှုခွင့်ရပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ဒီနေ့(တနင်္လာနေ့) မှာ ကြေညာလိုက်ပါတယ်။
နယူးဇီလန် ရက်ဘီ အဖွဲ့ဥက္ကဋ္ဌ မက်ခ် ရော်ဘင်ဆင်က ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ရက်ဘီပရိသတ်ရှေ့တွင် ပြန်လည် ကစားခွင့်ရရှိတာ ဂုဏ်ယူကြောင်း၊ ဒီပွဲစဉ်ဟာ ထူးခြားမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ အဲဒီလို ပြိုင်ပွဲမှာ နယူးဇီလန်နိုင်ငံသားတွေ ပါဝင်ရတာကလည်း ဂုဏ်ယူကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP