ထီးချိုင့် ၂၁ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအုပ်စု  ဖုန်ကုန်းလေးကျေးရွာ တွင်    ယမန်နေ့မွန်းလွဲ ၂ နာရီက သုတရသစာအုပ်စာစောင် လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးဘဝင်းမှ ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  စာရေးဆရာ မောင်ချစ်ထွေး   (မဟာဝိဇ္ဇာ)  မှ စာအုပ်စာစောင်လှူဒါန်းရခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး အလှူရှင်ကိုယ်စား   အငြိမ်းစားဆရာကြီး ဦးအေးကိုမှ  သုတရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိုးမှ လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။   ထို့နောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအေးမောင်မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါစာအုပ်အလှူရှင်မှာ ပြင်ဦးလွန်မြို့ ကုတင်  (၇၀ဝ)  ဆံ့ စစ်ဆေးရုံမှ တပ်ကြပ်ကြီး လင်းထင် + ဒေါ်မိုးမိုး မိသားစုမှ  တန်ဖိုးငွေကျပ်  (၂၄ ) သိန်းကျပ်တန်ဖိုးရှိ သုတရသစာအုပ်ပေါင်း (၁၈၁၂) အုပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ပြန်ဆက်)