ရန်ကုန်  ၂၉ ဇန်နဝါရီ

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံစာရေး ဆရာအသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ (၆) ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀ နာရီတွင် သိပ္ပကျော်စွာ ဦးကျော်ဝင်း (အမျိုးသားစာပေဆုရ စာရေးဆရာမနုဿကျော်ဝင်း) က “အဖိုးတန် ဒဏ္ဍာရီနှင့် ပါးစပ်ရာဇဝင်” စာတမ်းနှင့် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) က “ဝူဟန် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါအကြောင်းသိကောင်းစရာ” စာတမ်းများ ဖတ်ကြားကြမည်ဖြစ်သည်။

 

အဆိုပါသုတဘဏ် စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အစည်းအဝေးခန်းမ (၈)လွှာ၊ အမှတ် (၁၇၃/၁၇၅)၊ ပန်းဆိုးတမ်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ သိရသည်။

 

သန့်ဇော်