သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်၊ လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ် (၈၅) ကို စက်တင်ဘာ  ၃၀ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့်  ဖြူဖြူခိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို စက်တင်ဘာ ၃၀ ၊ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက် တို့ တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ည ၇ နာရီခန့်တွင်  ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်