နေပြည်တော်၊ အောက်တိုဘာ ၁၉
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၈၈)ကို အောက်တိုဘာ ၂၁ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ကျော်ကျော်နှင့် ဖြူဖြူခိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို အောက်တိုဘာ ၂၁၊ အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ည ၇ နာရီခန့်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)