သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်၊ လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

 

 

နေပြည်တော်   မတ်   ၂၂

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၁၁၀)ကို မတ် ၂၄ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ နေသူရနှင့် ဖြူဖြူခိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို  မတ် ၂၄ ၊    ၂၅ နှင့်  ၂၆ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ည ၇ နာရီခန့်တွင်  ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်