နေပြည်တော်၊ ဇွန် ၁၅
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၀)ကို ဇွန် (၁၇)ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇွန် ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HDမှ ညနေ(၆)နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)