နေပြည်တော်၊ ဇွန်  ၂၂

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၇၁) ကိုဇွန် ၂၄ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ နေဒွေး နှင့် သဉ္ဇာမြင့်မိုရ်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇွန်  ၂၄ ၊ ၂၅  နှင့် ၂၆ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HDမှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)