နေပြည်တော် ဇွန် ၁၇
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၁၉) ကို ဇွန် ၁၈ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့် မည်ဖြစ် သည်။
အဆိုပါ ပွဲစဉ်(၁၉)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင် ဆက်သူ ရဲထိုက် နှင့် မေဇင်အောင် တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲ ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇွန် ၁၈ ရက်နှင့် ဇွန် (၁၉ ၊၂၀) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ(၆)နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


