နေပြည်တော် နိုဝင်ဘာ ၁၀

 

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၀)ကို နိုဝင်ဘာ ၁၂ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

 

အဆိုပါ ပွဲစဉ်(၄၀)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနော် တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို  နိုဝင်ဘာ (၁၂၊ ၁၃ ၊ ၁၄ ) ရက် များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ()နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)