နေပြည်တော် ဇွန် ၁၆

သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အပတ်စဉ်(၂) သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် သားဖွားသင်တန်း ကျောင်းအစည်းအဝေးခန်းမကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ မြန်မာ့ကျန်းမာ ရေးဆိုင်ရာ မျော်မှန်းချက်နှစ်(၃၀)နှစ်ရှည်စီမံကိန်းရေးဆွဲပြီး နယ်စပ်ဒေသ ကျေးလက် အပါ အဝင် ကပ်နိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်၊ ဆရာမ၊သူနာပြု သားဖွားများနှင့် လေးဘက်ဆိုင်ရာပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေး ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ်တိုးမြှင့်လေ့ကျင့်မွေးထုတ်လျက်ရှိကြောင်း၊
သူနာပြုသင်တန်းကျောင်း (၂၇)ကျောင်း သားဖွားသင်တန်းကျောင်း (၂၃)ကျောင်း နှီးနွယ် သင်တန်းကျောင်း (၃)ကျောင်း စုစုပေါင်း (၅၃)ကျောင်းမှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအထိ သူနာပြု (၇၂၅) ဦး၊ ဘက်စုံသားဖွား (၁၆၅) ဦးမွေးထုတ်ပေးခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ၏ သူနာပြု သားဖွား ပညာရေးကို အရှေ့တောင်အာရှ နိုင်ငံများသာမက နိုင်ငံတကာ နှင့်ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည်ဝသော သူနာပြု သားဖွားများ မွေးထုတ်ပေးရန် ရည်ရွည်၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်း များဖြင့် သင်ကြားလျက်ရှိကြောင်း၊
သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိ၏ professionalကို သေချာလေ့ကျင့် သင်ကြားရန် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး တာဝန်ကျေပွန်သည့် သားသမီးများ ဖြစ်အောင် ကြိုးစားကြပါ၊ အရည်အသွေးပြည့်ဝပြီး ဘက်စုံတော်သည့် ပြည်သူ့အားထားရသည့် သူနာပြု သားဖွား ဆရာ/ဆရာမများ ဖြစ်အောင်ကြိုးစားကြပါ။ မိမိတို့ကျရာ အခန်းကဏ္ဍ အသီးသီးမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူနာပြုစုခြင်း ဆောင်ရွက်ခြင်းသာမက နိုင်ငံတော် ၏ အကျိုးကိုဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ကြသည့် ဂုဏ်ယူထိုက်သည့် သူနာပြု-သားဖွား ဆရာ/ဆရာမကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက သားဖွားသင်တန်းကျောင်း၊ သူနာပြု သားဖွား ဒီပလို မာ(၃)နှစ် သင်တန်းအပတ်စဉ်(၂)မှ သင်တန်းသား/သူ (၅၆) ဦးတို့ကို ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးခဲ့ပါကြောင်း သိရသည်။ 

(သတင်းစဉ်)