ဟင်္သာတ  အောက်တိုဘာ   ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား သင်တန်းသူများ၏ ICT အသုံးချ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်က ကွန်ပျူတာတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။


 အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်  ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းမြတ်အောင် က အမှာစကား ပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်က
ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍
  ကွန်ပျုတာတက္ကသိုလ် ကျောင်းအုပ်ကြီးမှ သူနာပြု သင်တန်းသား၊ သင်တန်းသူများအား ICT  သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးမှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့​သည်။
    

အဆိုပါ သင်တန်းဆင်းပွဲသို့  ကွန်ပျူတာတက္ကသိုလ်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး နည်းပြဆရာမများ ICT သင်တန်းတက်ရောက်ခဲ့သော ပထမနှစ်သင်တန်းသား ကျား ၁၀ ဦး၊ မ ၆၅ ဦး စုစုပေါင်း ၇၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)