သုဝဏ္ဏဝတီမြို့ ဇန်နဝါရီ ၇
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ မြို့မဈေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ် (ကျိုကြော်) ၌ ဇန်နဝါရီ ၆ ရက် နံနက် ၁၁ နာရီတွင် လူတစ်စုက ဘဏ်အတွင်းဝင်ရောက်၍ ဘဏ်ငွေများ(စိစစ်ဆဲ)ကို အနုကြမ်းစီး ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးဘဏ်အတွင်းရှိ ဘဏ်ဝန်ထမ်းများ၊ ဘဏ်သို့ငွေသွင်း၊ငွေထုတ်ရန် လာရောက်သူ မျက်မြင်သက်သေများအား စစ်ဆေးမေးမြန်းနေကြောင်း၊ လုယက်သူများထံ ပါသွားသော ဘဏ်ငွေများကို အတိအကျ သိရှိရအောင် စစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် လူထိခိုက် ဒဏ်ရာမရရှိကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ သိရသည်။
ရှာဖွေစစ်ဆေး ဘဏ် အနုကြမ်းစီးသူများသည် ကားတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသဖြင့် အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် သက်ဆိုင်ရာက ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
ခွန်(ဝင်းပ)