သုဝဏ္ဏဝတီမြို့ နိုဝင်ဘာ ၁

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် ယနေ့ နိုဝင်ဘာ ၁ ရက်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း(ကျိုက္ကော်)၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားနေကြသည်ကို တွေ့မြင်ရသည်။

သုဝဏ္ဏဝတီမြို့အတွင်းတွင် အခြေခံပညာ အထက်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၃ ကျောင်း၊ အခြေခံမူလတန်းကျောင်း ၁၃ ကျောင်းရှိကြောင်း သိရသည့်အပြင် ကျောင်းစတင်ဖွင့်လှစ် သင်ကြားသည့်နေ့ ဖြစ်သည့်အတွက် မိမိတို့ကျောင်းတွင် ကျောင်းတက်ရောက်သင်ကြားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၁၂ ဦး တက်ရောက်သင်ကြားပြီး ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း အ.ထ.က(ကျိုက်ကော်)ကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းက ပြောသည်။

ခွန်(ဝင်းပ)