သထုံ ၂၃ ဧပြီ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ မြို့မဈေးအနီးရှိ ကျိုက္ကော်တံတားဘေးတွင် ဧပြီ ၂၃ ရက် နံနက် ၄ နာရီခန့်က ကုန်တင်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဈေးဆိုင်များအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော MDY / 7L-…. မော်တော်ယာဉ်သည် ယာဉ်တိုက်မှုဖြစ်ပွားရာ လမ်းကွေ့အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေး ထိုးကျသွားပြီး ဈေးဆိုင်တန်းများကို ဝင်ရောက်တိုက်မိခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဈေးဆိုင်များမှာ ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်(ဝင်းပ)
