သုဝဏ္ဏဝတီ ၁၉ အောက်တိုဘာ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ငါးကြီးအင်းပိုင်းတွင် အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခန့်က ထင်းရုံ ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးဟောင်းတစ်လုံးအား တွေ့ရှိရကြောင်း သိရသည်။
သိမ်ဆိပ်ရပ်ကွက်၊ ငါးကြီးအင်းပိုင်းနေသူ ဦးအေးဇော်သည် ၎င်း၏နေအိမ်အနောက်ဘက်တွင် ထင်းရုံဆောက်ရန်အတွက် မြေကျင်းတူးရာမှ ဗုံးသီးတစ်လုံးကို တွေ့ရှိရသဖြင့် သိမ်ဆိပ်နယ်မြေ ရဲစခန်းသို့ အကြောင်းကြားရာ သက်ဆိုင်ရာများမှ သတင်းရရှိသည်နှင့် အသိသက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ မြေကြီးအနက် တစ်ပေကျော်ခန့်တွင် အနောက်မှ ဒလက်ပါ ဗုံးသီးအရှည် ၁၅ လက်မ၊ အချင်းသုံးလက်မခန့်ရှိသော အသုံးပြုပြီး ၃.၈ ဗုံးသီး၊ သံချေးများတက်နေသည့် ဗုံးသီးဟောင်းတစ်လုံးဖြစ်ကြောင်း သိရှိရသည်။
ခွန်(ဝင်းပ)


