နေပြည်တော်  ဖေဖော်ဝါရီ  ၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်-၁၉ တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ထမနဲထိုးပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနနှင့်လုပ်ငန်းများအလိုက် ပျော်ရွှင်စွာ ထမနဲထိုး ပြိုင်ပွဲဝင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)သတ္တုတွင်း လုပ်ငန်းအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းကို ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက လည်းကောင်း၊ နှစ်သိမ့်ဆုနှင့် တတိယဆုရရှိသော အသင်းများကို ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်