နေ့စားဝန်ထမ်းများအတွက် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ပေးရန် အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ပြောကြား

ရန်ကုန် ၂၁ မတ်

 

စီမံကိန်းများ ဆောင်ရွက်ရာမှာ နယ်မြေအခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူတွေ အမှန်တကယ် အကျိုးကျေးဇူးတွေ ခံစားရဖို့ အထူးလိုအပ်တယ်လို့ ဒေါ်ယဉ်မင်းလှိုင်ပြောကြား

နေပြည်တော်  ၂၀ မတ်

 

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးတစ်ဦး ခန့်အပ်ရန်အဆိုပြုတင်ပြ
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့မြောက်၌    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးတစ်ဦး ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အမည်စာရင်းပါ ဒေါ်ခင်မာဆွေအားလွှတ်တော်သို့ တင်ပြရာ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့​ကြောင်း သိရသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတို့ကို ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရ
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတို့ကို ချင့်ချိန်တွက်ဆ၍ ဆောင်ရွက်ပေးရပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။
မြေယာလျော်ကြေးငွေ မရရှိသေးသော တောင်သူ(၂၂) ဦးအား လျော်ကြေးငွေကို ယခုဘဏ္ဍာနှစ် အမီ ပေးချေသွားမည်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ- ကြံခင်း မီးရထားလမ်းဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် မြေယာလျော်ကြေးငွေ မရရှိသေးသော တောင်သူ(၂၂) ဦးအား လျော်ကြေးငွေကို ယခုဘဏ္ဍာနှစ် အမှီ ပေးချေသွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။
မန္တလေးတက္ကသိုလ်အား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင် ဆောင်ရွက်သွားမည်
မန္တလေးတက္ကသိုလ်အား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောသည်။