ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဒေါက်တာစိမ်းလဲ့လဲ့အောင် (ပါမောက္ခ၊ ဌာနမှူး) ဦးဆောင်သည့် ကြီးကြပ်သူ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၁၁၀)ဦး တို့သည့် ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။