တချို့လူတွေကတော့ ဆေးထိုးတာကို မယုံကြည်တာတွေလည်း ရှိပါတယ်၊ ကျွန်တော်ကတော့ ယုံယုံကြည်ကြည်နဲ့ လာရောက်ဆေးထိုးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်
ကိုဗစ်မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်ဖို့လိုသလို မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိတို့ကျေးရွာ၊ မိမိတို့ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါမကူးစက်အောင် မိမိတို့ကစ ကာကွယ်ပေးကြပါလို့ ပြောကြားလိုပါတယ်
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဆိုတဲ့စကားနှင့်အညီ ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေ ကာကွယ်ဖို့ပါပဲ
ကာကွယ်ဆေးမထိုးဖြစ်တဲ့သူမရှိအောင် ကိုယ်တိုင်လည်း တိုက်တွန်းသွားပါ့မယ်။ အခုလို အသက်ကြီးသူတွေကို ဉီးစားပေးထိုးနှံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်
ကာကွယ်ဆေးထိုးပြိးပေမယ့် ၁၀၀ ရာခိုင်နှုန်း ကာကွယမှု ချက်ချင်းမရနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ညွှန်ကြားချက်တွေ လိုက်နာဖို့ လိုအပ်ပါတယ်
"ဒယ်လ်တာ" ဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးမထိုးထားတဲ့ အထူးသဖြင့် အသက်ငယ်တဲ့သူတွေမှာ ရောဂါဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုများတယ်ဆိုတာကို သိစေချင်တယ်
Dr KKgyi 2.jpg