မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ပလောက်မြို့ နတ်စင်ကုန်း ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၆ ဦး လွတ်မြောက်
နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ပလောက်မြို့ နတ်စင်ကုန်း ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။
လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ (၉၃)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင် / အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ (၉၅၃၅) ဦးအား
မုံရွာအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ (၄၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းရှိ မုံရွာအကျဉ်းထောင်မှ ၂ဝ၁၉ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် မုံရွာအကျဉ်းထောင်တွင်
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၄၉ ဦး လွတ်မြောက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အကျဉ်းဦးစီးဌာန၊ မိုင်းဆတ်အကျဉ်းထောင်မှ ဧပြီ ၁၇ ရက် (၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်)က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၁၃/၂၀၁၉ အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၄၆)ဦး၊ အကျဉ်းသူ (၃)ဦး စုစုပေါင်း (၄၉)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၇၉ ဉီး လွတ်ငြိမ်းသက်သာခွင့်ရရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်မှ ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျဉ်းသား ၇၂ ဦးနှင့် အကျဉ်းသူ ၉ ဦး စုစုပေါင်း ၇၉ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၄၃၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အဖြစ် ဗဟိုအကျဉ်းထောင် (မန္တလေး) တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၄၃၀ ကျော်ကို ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ဗဟိုအကျဉ်းထောင် (မန္တလေး) မှ သိရသည်။