မိုင်းဆတ်မြို့ မဟာသင်္ကြန်အကျနေ့ ရေကစားသူများ၊ စတုဒိတာကျွေးသူများဖြင့် စည်ကား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းက ရေစားသူများ၊ ရေပက်ခံထွက်သူများနှင့် စတုဒိတာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့၌ သင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကျနေ့၌ ရေကစားမဏ္ဍပ်များတွင် အေးချမ်းသာယာစွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မဟာသင်္ကြန်အကျနေ့ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များ ဆက်ကပ်လှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် နံနက် ၇ နာရီက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းသို့ ဆန်အိတ် (၃၇)အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ မဟာသင်္ကြန်ပွဲတော် ပဲခူးခရိုင်မဏ္ဍပ်ဖွင့်ပွဲနှင့် ပထမဆုံး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် ညနေ ၅ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖွင့်လှစ်ပေးခဲ့သည်။
a
လေးမျက်နှာမြို့နယ် (ကမ်းသာယာ) အပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ဘက်ခြမ်း ခတ္တူကျေးရွာ တစ်ဖက်ကမ်းနှင့် ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) အနီးတွင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကမ်းသာယာအပန်းဖြေစခန်သို့ သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မကွေးမြို့၌ အတာသင်္ကြန်ချစ်သူပြည်သူများ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အတာသင်္ကြန်ချစ်သူပြည်သူများ ယနေ့ သင်္ကြန်အကျနေ့  ဧပြီ ၁၄ ရက်၊ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်မဏ္ဍပ်များနှင့်  လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။