၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၁၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။






