ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကနေဒါနိုင်ငံ  Canada Trade Link ကုမ္ပဏီမှ ဥက္ကဌ Hon. Bryon Wilfert (တိုရမ်တိုမြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်) နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကနေဒါနိုင်ငံ၊ Canada Trade Link ကုမ္ပဏီမှ ဥက္ကဋ္ဌ Hon. Bryon Wilfert (တိုရမ်တိုမြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်) နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ကော့သောင်းမြို့၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့််တို့သည် မတ် ၃၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဗစ်တိုးရီးယားဟိုတယ်ခန်းမ၌ ကော့သောင်းမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အဖွဲ့က ဖမ်းဆီး
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်လျက်ရှိသည့် ဆုထူးစံ ကုမ္ပဏီမှ ဝန်ထမ်း ၈ ဦးအား မတ် ၃၀ ရက်တွင် AA အဖွဲ့များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထာဝရငြိမ်းချမ်းရေးဓမ္မသဘင် ဒုတိယနေ့ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
နိကာယ်စာမေးပွဲ ကျင်းပမည်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၁၉ ခုနှစ်၊ နိကာယ်စာမေးပွဲကို ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်မှ နယုန်လဆန်း ၅ ရက်အထိ ဇွန် ၃ ရက် မှ ၇ ရက်အထိ  ၅ ရက်တိုင်တိုင် .....