မိုင်းဖြတ်၌  မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီမှ မြေပြန်လည်ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဝမ်လုံးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈-က)တွင် ပူးပေါင်း စစ်ဆေးရေးဂိတ်အဖြစ် ပြန်လည်သိမ်းဆည်းခဲ့သည့် လယ်ယာမြေ(၂.၂၅၉)ဧကအနက်မှ (၁.၁၄၁) ဧကအား  --------------
ရွှေဘိုတွင် မျိုးစေ့ မြေသြဇာပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူ  ပြင်ပအဖွဲ့အစည်းများအတွက် သင်တန်းဖွင့်ပွဲ ကျင်းပ
ရွှေဘိုခရိုင်တွင် JICA (AIIP) စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မျိုးစေ့ မြေသြဇာပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူ (Input Supplier) ပြင်ပ အဖွဲ့အစည်းများအတွက် ---------
ကလောမြို့နယ်၌ အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်တွင် One State- One Township Project  အရ ဆောင်ရွက်သည့် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းများကို မတ်လ ၂၃ရက် နံနက်ပိုင်းမှစ၍ စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့တွင် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ် အဆင့် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို မတ်၂၅ နှင့် ၂၆ ထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဖါပွန်ခရိုင်၊ ကမမောင်းမြို့တွင်  ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေ(ငါးကဏ္ဍ)လွှဲပြောင်းပေးအပ်
ကရင်ပြည်နယ်၊ ဖါပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေ (ငါးကဏ္ဍ)လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီက အမှတ်(၂)ရပ်ကွက်၊ တောင်တန်းဗဟိုသာသနာပြု ကျောင်းတွင် ကျင်းပသည်။     
မန္တလေးမြို့ ကျုံးဘေးရှိ သင်္ကြန်ရေကစား မဏ္ဍပ်များ ဧပြီလ ၇ ရက်နေ့တွင် အပြီးဆောက်လုပ်ရမည်
မန္တလေးမြို့ ကျုံးဘေးရှိ သင်္ကြန်ရေကစားမဏ္ဍပ်များကို မတ် ၂၃ ရက်မှ စတင်ဆောက်လုပ်ခွင့်ပြုခဲ့ပြီးလာမည့် ဧပြီ ၇ ရက်တွင် အပြီးဆောက် လုပ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည် ။ 
ကျေးလက်နေပြည်သူများအတွက် မီးလင်းရေး၊ ရေရရှိရေးနှင့် သက်မွေးပညာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများအတွက် မီးလင်းရေး၊ ရေရရှိရေး၊ သက်မွေးပညာ တတ်မြောက်ရေး စသည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။